အိမ်အလုပ်က ခန္ဓာကိုယ်မှအဆီကို အလောင်ကျွမ်းဆုံး
31-Oct-2016
အိမ်အလုပ်က ခန္ဓာကိုယ်မှအဆီကို အလောင်ကျွမ်းဆုံး
အိမ်သန့်ရှင်းရေးလုပ်ရတာ၊ ဖုန်သုတ်ရတာနဲ့ ပန်ကန်ဆေးရတာတွေဟာ အိမ်ရှင်မတွေအတွက်တော့ ပျော်စရာကောင်းလှတဲ့ အလုပ်မဟုတ်ပါဘူး။ ဒါပေမဲ့လည်း အိမ်အလုပ်တွေကို တစ်ပတ်လုပ်ရင် ကယ်လိုရီ ၂၀၀၀ ကျော်အထိ လောင်ကျွမ်းသွားနိုင် တယ်လို့ လေ့လာချက်အသစ်တစ်ရပ်က ဖော်ပြလိုက်ပါပြီ။
ရေချိုးခန်း၊ အိမ်သာ တိုက်ရတာ၊ အဝတ်တွေလျှော်ရတာ၊ ပန်းကန်တွေ ဆေးရတာနဲ့ ဖုန်စုပ်စက်နဲ့ ဖုန်စုပ်ရတာတွေဟာ အားကစားခန်းမမှာ တစ်ခါသွားကစားတာနဲ့ ညီပါသတဲ့လေ။ တစ်နာရီအဝတ်လျှော်ရင် လောင်ကျွမ်းသွားတဲ့ ကယ်လိုရီက ထိုင်ထ အခါတစ်ရာလုပ်ရင် လောင်ကျွမ်းတဲ့ ကယ်လိုရီနဲ့ ဆတူပြီး ပြတင်းပေါက်တွေကိုတိုက်ချွတ်တာက အကြိမ် ၄၀ ဒိုက်ထိုးတာနဲ့ ညီမျှပါတယ်လို့ လေ့လာချက်အသစ်မှာ ဖော်ပြထားပါတယ်။ စားပွဲကုလားထိုင်တွေကို ဖုန်သုတ်တာက မိနစ် ၂၀ ဒိုက်ထိုးသလိုပဲ ခန္ဓာကိုယ် အတွက် အကျိုးရှိပါသတဲ့။ ပြီးတော့ ဘယ်အိမ်အလုပ်က ဘယ်ခန္ဓာကိုယ် အစိတ်အပိုင်း အတွက် အကျိုးရှိစေတယ် ဆိုတာကိုလည်း လေ့လာသူတွေက လေ့လာထားပါသေးတယ်။
လက်မောင်းကြွက်သား တင်းရင်းသန်မာချင်ရင်တော့ ရေချိုးခန်း၊ အိမ်သာတိုက် ချွတ် ဆေးကြောတာကို အချိန်လေး ပိုပေးလိုက်ရုံပါပဲတဲ့။ အဲဒါက လက်မောင်းနဲ့ ပခုံးကြွက်သားတွေအတွက် အရမ်းကောင်းပါတယ်တဲ့။ ဗိုက်သားချပ်ရပ်လှပချင်တဲ့ အိမ်ရှင်မတွေအတွက်တော့ မီးပူတိုက်ပါတဲ့။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref:
ချယ်ရီ
Good Health Jarnal
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

